✨✨✨ ”ဓမ္မအလင်း”စာမျက်နှာသို့ ကြွရောက်လာသူအားလုံး ဘေးရန်ကင်းကွာ၍ ကျန်းမာချမ်းသာကြပါစေ။ ✨✨✨

ဝါဆိုသင်္ကန်းကပ်ပွဲဖိတ်ကြားလွှာ

________________________ (၁၉, ဇူလိုင်,၂၀၂၅) ဂျပန်နိုင်ငံ၊ ဓမ္မအလင်း အဖွဲ့၏ စုပေါင်း ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို အောက်ပါ အစီစဥ်အတိုင်း ကျင်းပကြမည် ဖြစ်ပါသည်။ ဓမ္မအလင်း အဖွဲ့သားများက အားလုံးသော ဓမ္မမိတ်ဆွေ အပေါင်းအား လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။ —————————— နံနက် (၉:၄၅) အရောက် အခမ်းအနား နေရာသို့ ကြွရောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ။ စုပေါင်း ဝါဆိုသင်္ကန်းကပ် အခမ်းအနား ကျင်းပမည့်နေရာ = 〒653-0038 神戸市長田区若松町4丁目2-15ピフレ新長田3階 (ဘူတာနှင့်ကပ်လျက်) —————————— အခမ်းအနား ပြီးချိန်တွင် ကျောင်းတိုက်သို့ ကြွရောက်ပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည် ။ (အခမ်းအနား နေရာမှ ခြေလျင်ဖြင့် (၅)မီနစ် ကျော်ကျော် ) ကျွေးမွေးဧည့်ခံမည့် နေရာ = […]

သစ္စကပရိဗိုဇ်အား အောင်မြင်တော်မူခြင်း။

ဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော ပြာဿဒ်အဆောင်မှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအခါ နိဂဏ္ဍတက္ကတွန်းရဲ့သား သစ္စက ဆိုတဲ့ ပရိဗိုဇ်ဟာ ဝေသာလီပြည်မှာ နေပြီး၊ စကားပြိုင်ဆိုင်ပြီး ပြောဆိုတတ်တဲ့အလေ့ရှိတယ်၊ သူဟာ သူ့ကိုယ်သူ ပညာရှိ ဆိုပြီး ကြွေးကျော်ထားတဲ့အတွက် လူအများကလည်း သူ့ကို ပညာရှိ သူတော်ကောင်း ရယ်လို့ သတ်မှတ်ထားကြပါတယ်။ သစ္စကပရိဗိုဇ်က “ ငါ စကားပြိုင်ဆိုင်ပြောဆို အပြစ်တင်တဲ့အခါ စိတ်မရှိတဲ့ တုံးတိုင်များတောင်မှာ ယိမ်းယိုင်သွားရတယ်။ စိတ်ရှိတဲ့ လူအပေါင်း ဆိုရင် ပြောစရာမရှိတော့ဘူး” လို့ ကြွေးကျော် ပြောဆိုနေပါတယ်။ တစ်နေ့နံနက် အရှင်အဿဇိဟာ ဝေသာလီပြည်အတွင်း ဆွမ်းခံဝင်ပါတယ်။ ဒါကို သစ္စက ပရိဗိုဇ်က မြင်တယ်။ သူဟာ အရှင်အဿဇီ အနီးသွားကာ ဝမ်းမြောက်ဖွယ် နှုတ်ဆက်စကားဆိုပြီး “ အို….အဿဇိ… […]

နန္ဒောပနန္ဒ နဂါးမင်းအား အောင်မြင်တော်မူခြင်း

နန္ဒောပနန္ဒ နဂါးမင်းအား အောင်မြင်တော်မူခြင်း အခါတစ်ပါး ဘုရားရှင်ဟာ နံနက်မိုးသောက် လင်းခါနီးအချိန်မှာ လောကဓာတ်တစ်ခွင်ကို ကြည့်ရှုတော်မူတဲ့အခါ နန္ဒောပနန္ဒနဂါးမင်းကို မြင်ပါတယ်။ နဂါးမင်းရဲ့ ရှေးကုသိုလ် ဥပနိဿယ ရှိ/မရှိ ကြည့်တော်မူတဲ့အခါ နဂါးမင်းဟာ ရတနာသုံးပါးကို ကြည်ညိုမှု မရှိ၊ မိစ္တာအယူရှိတာကို မြင်တော်မူတယ်။ ဒီမိစ္တာအယူကို ဘယ်သူ ချေချွတ်နိုင်မလဲလို့ ဆင်ခြင်ကြည့်တဲ့အခါ အရှင်မဟာမောဂ္ဂလန်ကို မြင်တော်မူပါတယ်။ သို့နှင့်နံနက်စောစောအချိန်ရောက်တော့ ကိုယ်လက်သုတ်သင်တော်မူပြီး “ချစ်သားအာနန္ဒာ…ငါဘုရား တာဝတိံသာနတ်ပြည်ကို သွားမယ်၊ ရဟန်းတော် ငါးရာကို ပြောကြားထားပေးပါ” လို့ အာနန္ဒာအား စေခိုင်းလိုက်ပါတယ်။ ထိုနေ့မှာ နတ်နဂါးများက နန္ဒောပနန္ဒနဂါးမင်းရဲ့ သေသောက်ပွဲသဘင် (အရက်သောက်ပွဲသဘင်) ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြတယ်။ အဲဒီအခါမှာ ဘုရားရှင်က နဂါးမင်း မြင်သာအောင်ဆိုပြီး သူ့ရဲ့ ဗိမာန်အထက် ကောင်းကင်ခရီးမှ ကြွတော်မူကြတယ်။ […]

မာရ်နတ်အား အောင်မြင်တော်မူခြင်း။

၁) မာရ်နတ်အား အောင်မြင်တော်မူခြင်း။ ဘုရားအလောင်းတော်သည် ကဆုန်လပြည့်နေ့ နံနက်တွင် သုဇာတာ လှူဒါန်းသော နို့ဃာဆွမ်းကို လက်ခံပြီး၊ နေရဉ္ဖရာမြစ်ဆီသို့ ကြွတော်မူသည်။ ထိုမြစ်၏ တစ်နေရာ သုပ္ပတိဋ္ဌိတ ရေချိုးဆိပ်တွင် ရေချိုးတော်မူပြီး အေးမြသည့် သစ်ပင်ရင်းဝယ် ထိုင်တော်မူပြီး နို့ဃနာဆွမ်းကို ထန်းသီးမှည့်ပမာဏခန့် (ထန်းသီးအစေ့) အရွယ် ၄၉ လုပ် ဘုဉ်းပေးတော်မူသည်။ ထို့နောက် ဆက်လက်ကြွတော်မူရာ မဟာဗောဓိရဲ့ အရှေ့ဖက် ပလ္လင်တော်ပေါက်ရာ နေရာသို့ ရောက်တဲ့အခါ “ဒီနေရာဟာ ရှေး ဘုရားရှင်တို့ ကိလေသာ ဖြိုဖျက်တော်မူရာ နေရာဖြစ်တယ်” လို့ သိတော်မူပြီး ပါလာတဲ့ မြက်ရှစ်ဆုပ်ကို အဖျားကကိုင်ကာ ကြဲဖြန့်လိုက်တာနဲ့ မြက်များကွယ်ပျောက်ပြီး ရတနာ ပလ္လင်တော်အသွင် ဖြစ်တည်ရှိခဲ့ပါတယ်။ ဘုရားအလောင်းတော်ဟာ မဟာဗောဓိပင်ကို နောက်ခံထားကာ အရှေ့ဖက်ကို မျက်နှာမူပြီး […]